MPT ၏ စည်းကမ်းသတ်မှတ်ချက်များ - [Games Club]
ဤစာမျက်နှာသည် Games Club (ဝန်ဆောင်မှု) တွင်ပါဝင်ကံစမ်းသည့်အခါ သင့်အနေဖြင့်လိုက်နာရမည့် စည်းကမ်းချက်များအား ရှင်းလင်းဖော်ပြထားပါသည်။ ဝန်ဆောင်မှု ခြင်းအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (“MPT”၊ “ကျွနု်ပ်တို့”၊ “ကျွနု်ပ်တို့ကို”၊ “ကျွနု်ပ်တို့၏”)က ဆောင်ရွက်ပေးသော ဝန်ဆောင်မှုများမှတဆင့် ရယူ နိုင်ပါသည်။ ဝန်ဆောင်မှုကို [Nazara PTE LTD] တို့မှ စီစဉ်ဆောင်ရွက်ပါသည်။ ဝန်ဆောင်မှု ခြင်းတွင်ပါဝင်ခြင်းဖြင့် သင်သည် ဤစည်းကမ်းသတ်မှတ်ချက်များ နှင့်၎င်းတို့နှင့်ဆက်စပ်သည့်အခြားသော သက်ဆိုင်ရာစည်းမျဉ်းများ၊ မူဝါဒများနှင့် စည်းကမ်းချက်များ (စုပေါင်း၍ “စည်းကမ်းချက်များ” ဟု ခေါ်ဆိုရန်) ကိုဖတ်ရှုပြီး နားလည်ကြောင်းနှင့် ၎င်းတို့၏ စည်းနှောင်မှုကိုခံယူရန် သဘောတူကြောင်း သဘောဆောင်ပါ သည်။

စည်းကမ်းချက်များသည် အချိန်အခါမရွေး ပြောင်းလဲမှုရှိနိုင်ပါသည်။ ထိုကဲ့သို့သော ပြောင်းလဲမှုတစ်ခုခု ပြုလုပ်ပြီးနောက် ဝန်ဆောင်မှုတွင် သင်၏ဆက်လက်ပါဝင်ကံစမ်းမှုသည် ပြောင်းလဲပြီးဖြစ်သော စည်းကမ်း ချက်များကိုသင်က လက်ခံခြင်း ဖြစ်ပါသည်။

၁။ ဝန်ဆောင်မှု

၁.၁ အထက်တွင် ဖော်ပြထားသည့်အတိုင်း အရောင်းမြှင့်တင်ခြင် [Nazara PTE LTD] က အပြည့်အဝ စီစဉ် ဆောင်ရွက်ပြီး ဝန်ဆောင်မှု နှင့်ပတ်သက်သည့် မည်သည့် စုံစမ်း မေးမြန်းခြင်းများ သို့မဟုတ် [Nazara PTE LTD] သို့ တိုက်ရိုက် ဆက်သွယ်သင့်ပါသည်။ အရောင်းမြှင့်တင်ခြင်းတွင် MPT ၏ ပါဝင်ပတ်သက်မှု အတိုင်း အတာသည် အောက်တွင်ထပ်မံရှင်းလင်းဖော်ပြမည့် ကျသင့်ငွေကောက်ခံခြင်း (Billing) နှင့် စာရင်းပေး သုံးစွဲခြင်း (Subscription) ဆိုင်ရာလုပ်ငန်းများဖြင့် ကန့်သတ်ထားပါသည်။

၁.၂ စည်းကမ်းချက်များတွင် သင့်အား အတိအလင်း အပ်နှင်းထားခြင်းမရှိသည့် အခွင့်အရေးအားလုံးကို ကျွနု်ပ်တို့က သို့မဟုတ် ကျွနု်ပ်တို့၏ အသုံးပြုခွင့်ပေးသူများ၊ ထောက်ပံ့သူများ၊ ထုတ်ဝေသူများ၊ အခွင့်အရေးကို င်ဆောင်သူများနှင့် အခြားသော အကြောင်းအရာပံ့ပိုးသူများက သီးသန့် ရယူထိန်း သိမ်းထားပါသည်။သင်အနေဖြင့် စည်းကမ်းချက်များနှင့်ဥပဒေတွင် ခွင့်ပြုသည့်အတိုင် းသာအရောင်းမြှင့်တင်ခြင်းတွင် ပါဝင်ကံစမ်းနိုင်ပြီး အခြားသောအသုံးပြုခံစားမှုအားလုံးကို တင်းကျပ်စွာ တားမြစ် ထားပါသည်။

၁.၃ MPT သည် MPT ၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် အကြောင်းပြချက်တစ်ခုခု သို့မဟုတ် အကြောင်း ပြချက်မရှိဘဲ သင်၏ အရောင်းမြှင့်တင်ခြင်းသို့ ဝင်ရောက်မှု သို့မဟုတ် ပါဝင်ကံစမ်းမှုကို အကြောင်းကြားမှု နှင့် တာဝန်မရှိဘဲ အမြဲတမ်းသော်လည်းကော င်း၊ ယာယီသော်လည်းကောင်း ရပ်စဲခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် အခြားနည်းဖြင့်ခွင့်ပြုရန်ငြင်းပယ်ခြင်းများ ပြုလုပ်နိုင်ပါသည်။ ထိုသို့ပြုလုပ်သည့်အခါတွင် စည်းကမ်းချ က်များသည် ဤတွင်ဖော်ပြထားသော ဆက်လက်တည်ရှိနေမည့် စည်းကမ်းချက်များကို ဖြည့်ဆည်းရန် လိုအပ်သော အတိုင်းအတာအထိ သင်အပေါ် ဆက်လက်စည်းနှောင်မှုရှိရမည်။

၁.၄ အရောင်းမြှင့်တင်ခြင်းတွင် သင်၏ ပါဝင်ကံစမ်းမှုသည်ကြိုတင်စီစဉ်ထားသောနှင့် ကြိုတင်စီစဉ်ထားခြင်းမရှိ သော ဝန်ဆောင်မှု အဆက်ပြတ်ခြင်းများပေါ် မူတည်နိုင်သည် ။ အရောင်းမြှင့်တင်ခြင်း၏ အဆက်ပြတ်ခြင်း၊ (စီစဉ်ထားသည်ဖြစ်စေ၊ စီစဉ်မထားဘဲဖြစ်စေ) ချို့ယွင်းမှုဖြစ်ပေါ်ခြင်း သို့မဟုတ် မဝင်ရောက်နိုင် ခြင်းတစ်ခုခုအတွက် MPT သည် သင့်အပေါ် သို့မဟုတ်မည်သည့်တတိယပုဂ္ဂိုလ်များအပေါ်မဆို တာဝန်ရှိမည် မဟု တ်သည်ကို သင့်အနေဖြင့် သဘောတူပါသည်။

၁.၅ သင်၏အရောင်းမြှင့်တင်ခြင်းအသုံးပြုမှု သို့မဟုတ် အလွဲသုံးစားပြုမှု၊ သင်၏ အခြားအသုံးပြုသူများနှင့် မည် သည့်အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှုများအတွက်မဆို သို့မဟုတ် အရောင်းမြှင့်တင်ခြင်း နှင့်စပ်လျဉ်း၍ သင်၏ အခြားဆောင်ရွက်မှု သို့မဟုတ် လိုက်နာရန်ပျက်ကွက်မှုတစ်ခုခုအတွက် MPT တွင် တာဝန် မရှိစေရ။

၂။ ကျွန်ုပ်တို့၏ ပိုင်ဆိုင်မှုအခွင့်အရေးများ

[Nazara PTE LTD] သို့မဟုတ် အခြားတတိယပုဂ္ဂိုလ်တစ်ဦးဦးမှ အခြားနည်းဖြင့် တရားသဖြင့် ဆောင်ရွက်ခြင်းမှ လွဲ၍ သက်ဆိုင်မှုရှိသည့်အတိုင်း ဤ အရောင်းမြှင့်တင်ခြင်း နှင့်စပ်လျဉ်းသော ဆော့ဖ်ဝဲ၊ ရုပ်ပုံများ၊ စာသား၊ ဂရပ်ဖစ်များ၊ သရုပ်ဖော်မှုများ၊ လိုဂိုများ၊ တီထွင်မှုမူပိုင်ခွင့်များ၊ ကုန်အမှတ်တံဆိပ်များ၊ ဝန်ဆောင်မှု အမှတ်တံဆိပ်များ၊ မူပိုင်ခွင့်များ၊ ဓာတ်ပုံများ၊ အသံ၊ ဗီဒီယိုများ၊ ဂီတနှင့် အကြောင်းအရာ အပါအဝင် ၎င်းတို့ချည်းသာ မဟုတ်သော (စုပေါင်း၍ “အကြောင်းအရာ”) MPT ၏ ပိုင်ဆိုင်မှုအချက်အလက် တစ်ခုခုနှင့် ၎င်းတို့နှင့် သက်ဆိုင်သော ဉာဏပစ္စည်းအခွင့်အရေးများ အားလုံးမှာ MPT နှင့် ၎င်း၏ အသုံးပြုခွင့်ပေးသူများ၊ ထောက်ပံ့သူများ၊ ထုတ်ဝေသူများ၊ အခွင့်အရေးကိုင်ဆောင်သူများနှင့် အခြားသော အကြောင်းအရာပံ့ပိုးသူများ၏ သီးသန့်ပစ္စည်းဖြစ်သည်။ ဤတွင်အတိအလင်း ဖော်ပြ ထားသည်မှလွဲ၍အရောင်းမြှင့်တင်ခြင်း၏ မည်သည့်အရာကမျှ ဉာဏပစ္စည်းဆိုင်ရာအခွင့်အရေးများတစ်ခုခု တွင်ရှိသော သို့မဟုတ် ထိုအောက်တွင်ရှိသော အသုံးပြုခွင့်တစ်ခု သို့မဟုတ် အခွင့်အရေးတစ်ခု ဖန်တီးသည်ဟု မမှတ်ယူရ။ အရောင်းမြှင့်တင်ခြင်း တွင် ဝင်ရောက်အသုံးပြုနိုင်သော အချက်အလက်များ တစ်ခုခု သို့မဟုတ် အကြောင်းအရာတစ်ခုခုမှ ဆင့်ပွားရရှိလာသော လက်ရာများကို ရောင်းချခြင်း၊ အသုံးပြု ခွင့်ပေးခြင်း၊ ငှားရမ်းခြင်း၊ ပြုပြင်ခြင်း၊ ဖြန့်ချိခြင်း၊ ကူးယူခြင်း၊ ဆင့်ပွားကူးယူခြင်း၊ ထုတ်လွှင့်ခြင်း၊ လူအများ မြင်သာစေရန် ပြသခြင်း၊ လူအများ မြင်သာစေရန် ဖျော်ဖြေခြင်း၊ ထုတ်ဝေခြင်း၊ သင့်လျော် သလို ပြင်ဆင်အသုံးပြုခြင်း၊ တည်းဖြတ်ခြင်း သို့မဟုတ် ဖန်တီးခြင်းများကို သင့်အနေဖြင့် မပြုလုပ် ရန် သဘောတူပါသည်။ စည်းကမ်းချက်များမှ အတိအလင်း ခွင့်ပြုမထားသော မည်သည့်ရည်ရွယ် ချက်အတွက်မဆို အကြောင်းအရာအား အသုံးပြုခြင်းကို တင်းကျပ်စွာတားမြစ်ထားပါသည်။

၃။ စာရင်းပေးသုံးစွဲခြင်း

၃.၁ ဤ ဝန်ဆောင်မှုကို ပါဝင်နို င်ရန်[Nazara PTE LTD] ကို စာရင်းသွင်းပေးသုံးစွဲရမည်။

၄။ ပါဝင်ကံစမ်းနိုင်သူများ

၄.၁ ဤ ဝန်ဆောင်မှုကို အနည်းဆုံး အသက်တစ်ဆယ်ရှစ်နှစ်(၁၈)နှစ်နှင့် အထက်ရှိပြီး (MPT SIM အသုံးပြု နေသည့်) မှတ်ပုံတင်ထားသော MPT သုံးစွဲသူများအတွက်သာ ရည်ရွယ်ပါသည်။

၄.၂ MPT ဝန်ထမ်းများအတွက် ပေးထား SIM သော များ အသုံးပြု နိုင်မည်မဟုတ်ပါ။

၅။ ဈေးကွက်ရှာဖွေခြင်းနှင့် အရောင်းမြှင့်တင်ခြင်း
MPT အနေဖြင့် ဝန်ဆောင်မှုအတွက် လိုအပ်သော သို့မဟုတ် ၎င်းနှင့် ကျိုးကြောင်း ဆီလျော်စွာ ဆက်စပ်သော ကိစ္စရပ်များအတွက်လည်းကောင်း၊ လူသိများစေရန်ရည်ရွယ်ချက်များ အတွက် ပါဝင် ကံစမ်းသူများ၏ဗီဒီယိုများ နှင့်/သို့မဟုတ် ရုပ်ပုံများအသုံးပြုခြင်းအပါအဝင် ဖြစ်သော်လည်းယင်းတို့ ချည်းသာဟု ကန့်သတ်မထားသော MPT ၏ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို ဈေး ကွက်ရှာဖွေရန်၊ ကြော်ငြာရန် နှင့်/သို့မဟုတ် အရောင်းမြှင့်တင်ရန် အလို့ငှာ ပါဝင်ကံစမ်းသူများ၏ ကိုယ်ရေးအချက်အလက်များ ကောက်ခံခြင်း၊ အသုံးပြုခြင်း၊ ဖွင့်ဟ ထုတ်ဖော်ခြင်းနှင့် ၎င်းတို့အကြား ဝေမျှခြင်းတို့ပြုလုပ်ခြင်းနှင့် MPT၏ တရားဝင် ခွင့်ပြုထားသော ဝန်ဆောင်မှုပေးသူများနှင့်သက်ဆိုင်ရာ တတိယပုဂ္ဂိုလ်များထံ ထိုကဲ့သို့သော ကိုယ်ရေးအချက် အလက်များ ဖွင့်ဟထုတ်ဖော်ခြင်းကို ပါဝင်ကံ စမ်းသူများက သဘောတူညီပြီး ခွင့်ပြုပါသည်။

၆။ တာဝန်ခံမှုမှ ကင်းလွတ်စေခြင်း
သင်သည် MPT နှင့် ၎င်း၏ လက်အောက်ခံကုမ္ပဏီများ၊ ပူးတွဲလုပ်ငန်းဆောင်ရွက်သူ၊ အေးဂျင့်များ၊ မန်နေဂျာများ နှင့် အခြားဆက်စပ်ကုမ္ပဏီများ၊ နှင့် ၎င်းတို့၏ ဝန်ထမ်းများ၊ ကန်ထရိုက်တာများ၊ အေးဂျင့်များ၊ အရာထမ်းများ၊ ဒါရိုက်တာများအား (၁) သင်ထုတ်လွှတ်လိုက်သော သို့မဟုတ် ရရှိ သောဒေတာ သို့မဟုတ် အကြောင်းအရာတစ်ခုခုအပါအဝင် သင်၏ ဝန်ဆောင်မှုအား အသုံးပြုခြင်း နှင့် ဝင်ရောက်ခြင်း (၂) ဤတွင်ပါဝင်သော ကိုယ်စားပြုတင်ပြခြင်းများနှင့် အာမခံချက်များ တစ်ခုခုကို ချိုးဖောက်ခြင်း အပါအဝင် ယင်းတို့ချည်းသာမဟုတ်သော စည်းကမ်းချက်များ၏ စည်းကမ်းတစ်ခုခု အား ချိုးဖောက်ခြင်း (၃) ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှု အခွင့်အရေး တစ်စုံတစ်ရာ၊ လူတစ်ဦးတစ် ယောက်၏ ကျော်ကြားမှုကိုယ်ပိုင်လက္ခဏာများအား အလွှဲသုံးစားပြုခြင်းကို ကာကွယ်သည့် အခွင့် အရေးများ (Publicity Rights) သို့မဟုတ်၊ ဉာဏပစ္စည်းဆိုင်ရာအခွင့်အရေး များ အပါအဝင် ၎င်းတို့ ချည်းသာမဟုတ်သော တတိယပုဂ္ဂိုလ်အခွင့်အရေးတစ်ခုခုကို သင့်အနေဖြင့် ချိုးဖောက်ခြင်း၊ (၄) သင်၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သို့မဟုတ် အခြားနိုင်ငံတစ်နိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေ သို့မဟုတ် စည်းမျဉ်း တစ်ခုခုကိုချိုးဖောက်ခြင်း၊ (၅) အရောင်းမြှင့်တင်ခြင်း မှတစ်ဆင့် သင်တင်ပြသော သို့မဟုတ် သင်ရရှိသော အချက်အလက်တစ်ခုခု၏ ရလဒ်တစ်ခုကြောင့် တောင်းဆိုမှု သို့မဟုတ် နစ်နာမှု တစ်စုံတစ်ရာဖြစ်ခြင်း သို့မဟုတ် (၆) သင်၏ဖုန်းနံပါတ်(စာရင်းသွင်းထားသည်ဖြစ်စေ၊ စာရင်းမသွင်း ထားသည်ဖြစ်စေ)၊ ဟန်းဆက်၊ သို့မဟုတ် အခြားသော ကိရိယာမှတဆင့် အခြားပုဂ္ဂိုလ်တစ်ဦး ဦး၏ အရောင်းမြှင့်တင်ခြင်း သို့ဝင်ရောက်မှုနှင့် အသုံးပြုမှုတို့မှ ပေါ်ပေါက်လာသော တောင်းဆိုမှုများ၊ နစ်နာမှု များ၊ တာဝန်ဝတ္တရားများ၊ ဆုံးရှုံးမှုများ၊ တာဝန်ခံမှုများ၊ ကုန်ကျမှုများ သို့မဟုတ် ကြွေးမြီနှင့် အသုံးစရိတ် များ (ရှေ့နေ့ခများအပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟုကန့်သတ်မထားသော) တစ်ခုခု နှင့် အားလုံးထံမှနှင့် ၎င်းတို့ကို ဆန့်ကျင်၍ ကာကွယ်ပေးရန်၊ တာဝန်ခံမှုမှ ကင်းလွတ်စေရန်နှင့် ထိခိုက်နစ်နာမှုမှ ကင်း လွတ်စေရန်သဘောတူပါသည်။

၇။ အာမခံချက်များ၏ မသက်ဆိုင်ကြောင်း ရှင်းလင်းချက်များနှင့် တာဝန်ခံမှုကန့်သတ်ချက်

၇.၁ ဝန်ဆောင်မှု တွင်ပါဝင်သော သို့မဟုတ် ဝန်ဆောင်မှု မှတဆင့်အခြားနည်းဖြင့် သင်အသုံးပြုနိုင်ရန် ပြုလုပ်ထားသော သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲအပါအဝင်)နှင့် အခြားသောဝန်ဆောင်မှုများကို ဤနေရာ၌ “ရှိသည့်အတိုင်း” နှင့် “ရှိနိုင် မည့်အတိုင်း” ရနိုင်သောစနစ်ဖြင့်ပံ့ပိုးခြင်းဖြစ်သည်။ MPT သည် ဝန်ဆောင်မှု လည်ပတ်ခြင်း သို့မ ဟုတ် ဝန်ဆောင်မှုတွင်ပါဝင်သော သို့မဟုတ် အရောင်းမြှင့်တင်ခြင်း မှတဆင့် အခြားနည်းဖြင့်သင်အသုံး ပြု နိုင်ရန်ပြုလုပ်ထားသော ၎င်း၏တိကျမှုအပါအဝင်သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက် အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲ အပါအဝင်) သို့မဟုတ် အခြားသော ဝန်ဆောင်မှုများကို မည်သည့်အမျိုးအစားမဆိုဖြစ်သော အတိအလင်းဖြစ်စေ၊ တိုက်ရိုက် မဟုတ်သည်ဖြစ်စေ ကိုယ်စားပြု တင်ပြခြင်းများ သို့မဟုတ် အာမခံချက်များမပြုလုပ်ပါ။ သင်၏ ဝန်ဆောင်မှု အသုံးပြုမှုသည် ဖြစ်ပေါ် လာနိုင်ချေရှိသောအန္တရာယ်ကို မိမိဘာသာ တာဝန်ယူသည်ဟု အတိအလင်း သဘောတူပါသည်။

၇.၂ MPT သည် ဝန်ဆောင်မှု အသုံးပြုခြင်း သို့မဟုတ် ဝန်ဆောင်မှု တွင် ပါဝင်သော သို့မဟုတ် အရောင်းမြှင့်တင်ခြင်း မှတဆင့်အခြားနည်းဖြင့် သင်အသုံးပြုနိုင်ရန်ပြုလုပ်ထားသော သတင်း အချက်အလက်၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲ အပါအဝင်) သို့မဟုတ် အခြားသော ဝန်ဆောင်မှုများမှ ပေါ်ပေါက်လာသော မည်သည့်အမျိုးအစားမဆိုဖြစ်သည့် တိုက်ရိုက်ဖြစ်သော၊ တိုက်ရိုက်မဟုတ်သော၊ ဆက်စပ်၍ဖြစ်သော၊ ပြစ်ဒဏ်အရဖြစ်သော နှင့်/သို့မဟုတ် အကျိုးဆက် အားဖြင့်ဖြစ်သော နစ်နာမှုများ အပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟု ကန့်သတ်မထားသော နစ်နာမှုတစ်စုံ တစ်ရာအတွက် တာဝန်ခံမည်မဟုတ်ပါ။

၇.၃ သင်အနေဖြင့် ဝန်ဆောင်မှုသို့ ဝင်ရောက်ကံစမ်းရာတွင်မည်သည့်အကြောင်းအရင်းကြောင့်ဖြစ်စေ၊ ဝန်ဆောင်မှု နှင့်ဆက်စပ်၍ တိုက်ရိုက်ဖြစ်စေ၊ အကျိုးဆက်အရဖြစ်စေ ဖြစ်ပေါ်လာသော မည်သည့် သဘောသဘာဝ သို့မဟုတ် အမျိုးအစားမဆိုရှိသည့် ဆုံးရှုံးမှု၊ ထိခိုက်အနာတရဖြစ်မှု၊ ထိခိုက်မှု သို့မဟုတ် ပေးရန်တာဝန်ရှိမှုနှင့် အကျိုးဆက်များ တစ်ခုခုနှင့်အားလုံးမှ သော်လည်းကောင်း၊ MPT ကိုထိုသို့ဖြစ်နိုင်ခြေအား အသိပေးပြီးသည့်တိုင် ဝန်ဆောင်မှု တွင် ပါဝင်စဉ်အတွင်း အသုံးပြုခံစားခြင်းမှ ပေါ်ပေါက်လာသော သို့မဟုတ် ၎င်းနှင့် ဆက်စပ်သော မည်သည့် ပုဂ္ဂိုလ်များအပေါ်မဆို ထိခိုက်အနာတရဖြစ်မှုတစ်ရပ်ရပ် သို့မဟုတ် ပိုင်ဆိုင်မှုတစ်ရပ်ရပ်အပေါ် ဖြစ်ပေါ်လာသည့်ထိခိုက်မှုတစ်ရပ်ရပ် အပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟု မကန့်သတ်လျက်၎င်းတို့မှသော်လည်းကောင်း ပေါ်ပေါက်လာသောနှင့် ၎င်းတို့ကိုအကြောင်းပြုသော တောင်းခံမှု များ၊ တောင်းဆိုမှုများ၊ အခွင့်အရေးများ၊ တရားစွဲဆိုရန် အကြောင်းတို့မှ MPT အားကင်းလွတ်စေရန်နှင့် ရာသက်ပန် လွတ်ငြိမ်းစေရန် သဘော တူညီပါသည်။

၇.၄ သက်ဆိုင်ရာဥပဒေများမှ ခွင့်ပြုနိုင်သည့် အများဆုံးအတိုင်းအတာအလျောက် MPT သည် ရည်ရွယ် ချက်တစ်ခုအတွက် ကုန်သွယ်မှုနှင့် ရောင်းချနိုင်စွမ်း၏ တိုက်ရိုက်မဟုတ်သော အာမခံချက်များ အပါအဝင်ဖြစ်သော်လည်းယင်းတို့ချည်းသာဟုကန့်သတ်မထားသောအတိအလင်း ဖော်ပြထား သည့်သို့မဟုတ် တိုက်ရိုက်မဟုတ်သည့် အာမခံချက်များအားလုံးကို မသက်ဆိုင်ကြောင်း ငြင်းဆိုပါသည်။

၇.၅ ဝန်ဆောင်မှု တွင်ပါဝင်သော သို့မဟုတ် ဝန်ဆောင်မှု မှတဆင့်အခြားနည်းဖြင့် သင်အသုံးပြုနိုင်ရန် ပြုလုပ်ထားသော သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲ အပါအဝင်) သို့မဟုတ် အခြားသောဝန်ဆောင်မှုများတွင် MPT ဆာဗာများ သို့မဟုတ် MPT မှ ပို့သောအီလက်ထရောက်နစ် ဆက်သွယ်မှုများသည် ဗိုင်းရပ်များ သို့မဟုတ် အခြားသော အန္တရာယ်ရှိသည့် အစိတ်အပိုင်းများမှ ကင်းလွတ်ပါသည်ဟု MPT က အာမခံခြင်း မပြုပါ။

၈။ တတိယပုဂ္ဂိုလ်၏ အကြောင်းအရာ
ဝန်ဆောင်မှုတွင် [Nazara PTE LTD] အပါအဝင် တတိယပုဂ္ဂိုလ်များမှ ရရှိသော သို့မဟုတ် ၎င်းတို့က ပံ့ပိုးပေး ထားသောအကြောင်းအရာ(တတိယပုဂ္ဂိုလ်၏ အကြောင်းအရာ)တို့ ပါဝင်နိုင်ပါသည်။ သို့ဖြစ်ပါ၍အဆိုပါတတိယပုဂ္ဂိုလ်၏အကြောင်းအရာသို့မဟုတ် တတိယပုဂ္ဂိုလ်၏ အကြောင်းအရာနှင့်ဆက်စပ်သောချိတ်ဆက်ထားသည့်ဝက်ဘ်ဆိုဒ်တစ်ခုခုအတွက် MPTတွင် တာဝန်ရှိမည်မဟုတ်ပါ။ တတိယပုဂ္ဂိုလ်များ၏ သတင်းအချက်အလက်၊ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများ တစ်ခုခုအား ရည်ညွှန်းချက်သည် MPT က ထောက်ခံမှု၊ ကမကထပြုမှု သို့မဟုတ် အကြံပြုမှု မဟုတ်ပါ သို့မဟုတ် ထိုသို့သွယ်ဝိုက်ဆိုလိုခြင်းမဟုတ်ပါ။

၉။ အထွေထွေ

၉.၁ တတိယပုဂ္ဂိုလ်တစ်ဦးဦး၏ စည်းကမ်းသတ်မှတ်ချက်များသည် သက်ဆိုင်မှုရှိလျှင် ကံထူးဆုများ အပေါ် သက်ရောက်မှုရှိပါမည်။

၉.၂ စည်းကမ်းချက်များသည် http://mpt.com.mm/mm/about-home/terms-conditions-mm/ တွင် ဖတ်ရှုနိုင်သည့် MPT ၏ အထွေထွေစည်းကမ်းသတ်မှတ်ချက်များ (“GTC”) အရဖြစ်ရပါမည်။ ဤစည်းကမ်းချက်၏ စည်းကမ်းများနှင့် GTC အကြား ပဋိပက္ခတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက ဤစည်း ကမ်းချက်များ၏ စည်းကမ်းများက လွှမ်းမိုးရမည်။

၉.၃ စည်းကမ်းချက်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများ နှင့် တရားရုံး သို့မ ဟုတ် စီရင်ပိုင်ခွင့်ရှိသော အဖွဲ့တစ်ခုမှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ အမိန့် ကြော်ငြာစာ၊ ညွှန်ကြား ချက် သို့မဟုတ် လမ်းညွှန်ချက် တစ်ခုခုအရဖြစ်ရပါမည်။

၉.၄ အကယ်၍ စည်းကမ်းချက်များ သို့မဟုတ် ၎င်းအကျုံးဝင်မှု၏ စည်းကမ်းများ ပဋိညာဉ်ပြုချက်၊ ပြဋ္ဌာန်း ချက်တစ်ခုခုအား တရားရုံးတစ်ခုခု သို့မဟုတ် စီရင်ပိုင်ခွင့်ရှိသောအဖွဲ့တစ်ခုခု သို့မဟုတ် ထို အကြောင်းအရာ နှင့်စပ်လျဉ်း၍ ဥပဒေတစ်ရပ်ရပ်မှ ဥပဒေနှင့် မကိုက်ညီခြင်း၊ တရားမဝင်ဖြစ်ခြင်းသို့မဟုတ် အာဏာမသက်ရောက်နိုင်ခြင်းအဖြစ်သတ်မှတ်ခဲ့ပါက စည်းကမ်းချက်များ၏ ကျန်ရှိသော အပိုင်း သို့မဟုတ် အဆိုပါ စည်းကမ်းများ၊ ပဋိညာဉ်ပြုချက် သို့မဟုတ် ပြဋ္ဌာန်းချက်၏ (တရားမဝင် ဖြစ်ကြောင်း သို့မဟုတ် အာဏာသက်ရောက်မှုမရှိကြောင်း သတ်မှတ်ထားသည့် ပုဂ္ဂိုလ်များမှအပ) ပုဂ္ဂိုလ်တစ်ဦးဦးနှင့် သက်ဆိုင်မှုအပေါ် သက်ရောက်မှုမရှိစေရဘဲ စည်းကမ်းချက်များ၏ ပြဋ္ဌာန်းချက် တစ်ရပ်စီသည် ဥပဒေအရခွင့်ပြုထားသော အများဆုံး အတိုင်းအတာအထိ တရားဝင်ဖြစ်ပြီး အာဏာ သက်ရောက်မှု ဆက်လက်ရှိရမည်။

Nazara PTE LTD ဝန်ဆောင်မှုအသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်များ
I. GamesClub သည် Nazara PTE Ltd (“Nazara”) က ရေးသားပြီး ထိန်းသိမ်းပံ့ပိုးသည့် စာရင်းသွင်း၍ ဂိမ်းကစားခြင်း ဝန်ဆောင်မှုတစ်ခု ဖြစ်ပါသည်။

II. ဤပေါ်တယ်သို့ သင်ဝင်ရောက်ခြင်းဖြင့် ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များအား သင်သဘောတူပြီး ယင်းတွင်ဖော်ပြထားသည့်အတိုင်း သင်လိုက်နာဆောင်ရွက်ရမည်ကို သင်ဖတ်ရှု၊ နားလည်ပြီး သဘောတူထားကြောင်း အသိအမှတ်ပြုရာရောက်ပါသည်။

III. စာရင်းသွင်းဝန်ဆောင်မှုများကို ရယူကစားရန်၊ သုံးစွဲသူသည် Myanmar Posts and Telecommunications (“MPT”) အား လက်ရှိ စာရင်းသွင်းအသုံးပြုနေသူ ဖြစ်ရန်လိုအပ်ပြီး စာရင်းသွင်းခများအား ဝန်ဆောင်မှု သက်တမ်းနှင့်အတူ ပေါ်တယ်တွင် ဖော်ပြထားပါသည်။ ၎င်းမှာ အလိုအလျောက် သက်တမ်းတိုးသည့် ဝန်ဆောင်မှု ဖြစ်ပါသည်။

IV. GamesClub ဝန်ဆောင်မှုအား MPT ၏ မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများမှတဆင့် ဝင်ရောက်ရယူနိုင်ပြီး MPT ၏ မျှတသောသုံးစွဲမှု မူဝါဒ အပါအဝင်၊ MPT ၏ မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းစဉ်များဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များကို ကျင့်သုံးပါသည်။ ဒေတာကောက်ခံနှုန်းများအား သင်၏ MPT ဒေတာပလန်နှင့်အညီ ကောက်ခံပါမည်။ MPT ၏ ဒေတာပလန်များ၊ MPT ၏ စံသတ်မှတ်ထားသည့် စည်းကမ်းသတ်မှတ်ချက်များနှင့် MPT ၏ မျှတသော သုံးစွဲမှု မူဝါဒဆိုင်ရာ အချက်အလက်အား www.mpt.com.mm တွင် ဝင်ကြည့်နိုင်ပါသည်။

V. Nazara က ဝန်ဆောင်မှုပေးသည့် ဖိုင်များ (ဥပမာ၊ ဂိမ်းများ၊ ဒေတာ၊ ဆော့ဖ်ဝဲ၊ စာသား၊ အချက်အလက်၊ ပုံများ၊ အသံများ၊ ဂီတ၊ ဓာတ်ပုံများ၊ ဆက်သွယ်ပြောဆိုမှုများနှင့် အခြား အသုံးဝင်အချက်အလက်များ) အား လုပ်ငန်းသုံးမဟုတ်သည့် တစ်ကိုယ်ရည်အသုံးပြုမှုအတွက် ရည်ရွယ်ထားပါသည်။ ဝန်ဆောင်မှုတွင် ပံ့ပိုးပေးထားသော ဖိုင်များသည် Nazara၊ ၎င်း၏ လုပ်ငန်းတွဲဖက်ကုမ္ပဏီများ၊ ပူးတွဲအဖွဲ့အစည်းများ၊ Nazara နှင့် လုပ်ငန်းသဘောအရ ချိတ်ဆက်မှုရှိသည့် ပြင်ပအဖွဲ့အစည်း အကြောင်းအရာ ဝန်ဆောင်မှုပေးသူများက ပိုင်ဆိုင်ပါသည်။ ဤဝန်ဆောင်မှုမှတဆင့် ပံ့ပိုးပေးသည့် ဖိုင်များပါ မူပိုင်ခွင့်အား Nazara သို့မဟုတ် ပြင်ပအဖွဲ့အစည်း အကြောင်းအရာ ဝန်ဆောင်မှုပေးသူ သို့မဟုတ် မူရင်း အကြောင်းအရာ ဖန်တီးရေးသားသူက လက်ဝယ်ပိုင်ဆိုင်ပါသည်။

VI. Nazara က ဝန်ဆောင်မှုပေးသည့် ဖိုင်များ (ဥပမာ၊ ဂိမ်းများ၊ ဒေတာ၊ ဆော့ဖ်ဝဲ၊ စာသား၊ အချက်အလက်၊ ပုံများ၊ အသံများ၊ ဂီတ၊ ဓာတ်ပုံများ၊ ဆက်သွယ်ပြောဆိုမှုများနှင့် အခြား အသုံးဝင်အချက်အလက်များ) အား လုပ်ငန်းသုံးမဟုတ်သည့် တစ်ကိုယ်ရည်အသုံးပြုမှုအတွက် ရည်ရွယ်ထားပါသည်။ ဝန်ဆောင်မှုတွင် ပံ့ပိုးပေးထားသော ဖိုင်များသည် Nazara၊ ၎င်း၏ လုပ်ငန်းတွဲဖက်ကုမ္ပဏီများ၊ ပူးတွဲအဖွဲ့အစည်းများ၊ Nazara နှင့် လုပ်ငန်းသဘောအရ ချိတ်ဆက်မှုရှိသည့် ပြင်ပအဖွဲ့အစည်း အကြောင်းအရာ ဝန်ဆောင်မှုပေးသူများက ပိုင်ဆိုင်ပါသည်။ ဤဝန်ဆောင်မှုမှတဆင့် ပံ့ပိုးပေးသည့် ဖိုင်များပါ မူပိုင်ခွင့်အား Nazara သို့မဟုတ် ပြင်ပအဖွဲ့အစည်း အကြောင်းအရာ ဝန်ဆောင်မှုပေးသူ သို့မဟုတ် မူရင်း အကြောင်းအရာ ဖန်တီးရေးသားသူက လက်ဝယ်ပိုင်ဆိုင်ပါသည်။

VII. Nazara သည် တိုင်းပြည်နှင့် ဒေသဆိုင်ရာ သဘောထားများ / ကတိကဝတ်များကို အလေးထားပြီး တရားသဖြင့် ရင်းမြစ်ဖန်တီးထားသည့် အကြောင်းအရာများ ဝန်ဆောင်မှုပေးရန် ကြိုးပမ်းလုပ်ဆောင်ပါမည်။ ပေးအပ်ထားသည့် ဖိုင်(များ) အားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း နှင့်/သို့မဟုတ် ၎င်းတို့၏ အသုံးပြုမှု သို့မဟုတ် အသုံးချမှုသည် စိတ်အနှောင့်အယှက် ဖြစ်စေသည့် ဖြစ်ရပ်များရှိပါက၊ ယင်းမှာ တမင်ရည်ရွယ်ခြင်း မဟုတ်ပါ။

VIII. ဤဝန်ဆောင်မှု အသုံးပြုခြင်းဖြင့် ရယူထားသော သို့မဟုတ် ဒေါင်းလုဒ်လုပ်ထားသော မည်သည့် ဖိုင် သို့မဟုတ် အသုံးဝင်အချက်အလက်မဆိုအတွက် သင်တစ်ဦးတည်းသာ တာဝန်ယူရမည်ဖြစ်ပြီး အဆိုပါ ရယူမှု သို့မဟုတ် ဒေါင်းလုဒ်လုပ်မှုကနေ ဖြစ်လာသော သင့်ကွန်ပျူတာစနစ်၊ မိုဘိုင်းဖုန်း သို့မဟုတ် အခြားစက်ပစ္စည်းတစ်မျိုးမျိုး ချို့ယွင်းမှု သို့မဟုတ် ပျက်စီးမှု သို့မဟုတ် ဒေတာဆုံးရှုံးမှုမှန်သမျှအတွက် MPT နှင့် Nazara တို့က တာဝန်ယူမည် မဟုတ်ပါ။

IX. MPT နှင့် Nazara တို့သည် သီးခြား အဖွဲ့အစည်းတစ်ခုစီဖြစ်ကြောင်း သင်သိနားလည်ပါသည်။ Nazara သည် MPT ၏ ကိုယ်စားလှယ် သို့မဟုတ် ကိုယ်စားပြုအဖွဲ့အစည်း မဟုတ်ဘဲ MPT ၏ ကိုယ်စား တရားရေးရာ တာဝန်များ လိုက်နာဆောင်ရွက်ပိုင်ခွင့် မရှိပါ။ GamesClub ဝန်ဆောင်မှုများ သို့မဟုတ် ဖိုင်များနှင့် ပတ်သက်၍ Nazara ၏ အပြုအမူများ သို့မဟုတ် ချန်လှပ်မှုများအတွက် MPT တွင် တာဝန်မရှိပါ။

X. GamesClub ဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့်၊ GamesClub ဝန်ဆောင်မှုတွင်ပါသည့် ဂိမ်းများအပြင်၊ ဂိမ်းများနှင့် ပတ်သက်၍ MPT နှင့် Nazara တို့ထံမှ MPT စာတိုများနှင့် SMS လင့်ခ်များ သင့်မိုဘိုင်းဖုန်းဖြင့် လက်ခံရယူရန် သင်သဘောတူပါသည်။

XI. Nazara သည် ကြိုတင်အသိပေးခြင်းမရှိဘဲ ဝန်ဆောင်မှုကို ဆိုင်းငံ့ရန်၊ ရပ်ဆိုင်းရန် သို့မဟုတ် ပယ်ဖျက်ရန် လုပ်ပိုင်ခွင့်များ အပါအဝင် GamesClub ဝန်ဆောင်မှုများ၏ စည်းကမ်းသတ်မှတ်ချက်များကို ပြင်ဆင်ပိုင်ခွင့်အား လက်ဝယ်ပိုင်ဆိုင်ထားသည်။ ဤစည်းကမ်းသတ်မှတ်ချက်များကို ပုံမှန်ဝင်ကြည့်ပေးရန် အကြံပြုပါသည်။ ၎င်းစည်းကမ်းသတ်မှတ်ချက် (အချိန်နှင့်အမျှ ပြောင်းသည့်အတိုင်း) တစ်ခုခုကို သင်သဘောမတူပါက၊ ဤဆိုက်/ဝန်ဆောင်မှုကို အသုံးမပြုပါနှင့်။

“One Gold Tikal Coin, One Huawei P30 mobile phone and One Vivo Y95 mobile phone”

လိုအပ်ချက်




ကံစမျးမဲကာလဟာဆိုရင်ဖြင့် ၁၀ ရကျ အောကျတိုဘာ ၂၀၁၉ မှ စ၍ ၁၀ ရကျ ဇနျနဝါရီ ၂၀၂၀ အထိဖြစ်ပါသည်။

ဆုရရှိသူကွော်ငွာခွငျး



အခြားသတ်မှတ်ချက်များ
၁။ ကံစမ်းမဲပရိုမိုးရှင်းသည် MPT ကဒ်သုံးစွဲသူ မြန်မာပြည်သူတိုင်းအတွက် ဖြစ်ပါသည်။
၂။ Formyan company ၏ Game club service နှင့် MPT မှဝန်ထမ်းနှင့် မိသားစု ဆွေမျိုးများသည် ကံစမ်းမဲပရိုမိုးရျင်းတွင် ပါဝင်ခွင့်မရှိပါ။
၃။ ကံစမ်းမည့်သူသည် ပရိုမိုးရှင်းကာလအတွင်း ကံစမ်းမဲအစီအစဉ်တွင်ပါဝင်ရန် MPT ဖုန်းနံပါတ်ဖြင့် Games club service ကို စာရင်းပေးသွင်းရမည်ဖြစ်သည်။
၄။ ရွှေတစ်ကျပ်သားပြားကံထူးရှင်၁ယောက်၊ Huawei P30ဖုန်းကံထူးရှင် ၁ယောက် နှင့် Vivo Y95 ဖုန်းကံထူးရှင် ၁ယောက်ကို မဲနှိုက်ရွေးချယ်ပေးမည်ဖြစ်ပါသည်။ ဆုတစ်ဆုစီတိုင်းအတွက် အရံကံထူးရှင် ၃ယောက်ကိုလည်း ရွေးချယ်သွားမည်ဖြစ်ပါသည်။
၅။ ရွေးချယ်ပြီး ၃ရက်အတွင်း ကံထူးသူများကို ဖုန်းဖြင့်တိုက်ရိုက် အကြောင်းကြားပေးမည်ဖြစ်ပါသည်။ အကယ်၍ ၃ရက်အတွင်း ပထမဆုံးရွေးချယ်ခံရသူအား ဆက်သွယ်၍မရပါက ကံထူးရှင် အဖြသ်မှ ပယ်ဖျက်မည်ဖြစ်ပါသည်။ ထို့နောက် အရံ ကံထူးရှင်သို့ ဆက်သွယ်မည်ဖြစ်ပါသည်။
၆။ အရန်ကံထူးရှင်သည် ရွေးချယ်ထားသော မူလပထမကံထူးရှင်အား ၃ရက်အတွင်း ဖုန်းဖြင့်ဆက်သွယ်၍ မရသည့် အခြေအနေမှသာ ဆုရရှိမည်ဖြစ်သည်။
၇။ ကံထူးသူများကို ကံထူးရှင်ရွေးချယ်မှုအပြီး ၃ရက်အတွင်း ဖုန်းဖြင့် တိုက်ရိုက်အကြောင်းကြားမည်ဖြစ်သည်။ ကံထူးသူစာရင်းကို MPT facebook page နှင့် Game club home page တွင်လည်း ဖော်ပြပေးမည်ဖြစ်သည်။
၁၁။ Game club service (Formyan Company Limited/Nazar PTE Ltd) မည်သည့်ဆုကိုမဆို တူညီသော(သို့) တန်းဖိုးကြီးသောဆုအား ကြိုတင်အသိပေးမူမရှိပဲလဲလှယ်ပေးမည်မဟုတ်ပါ။
၁၃။ Games Club service’s (Formyan Company Limited / Nazara PTE LTD) တွင်ကြော်ငြာအစီအစဉ်ကို စီမံခန့်ခွဲဖို့ရန်အတွက် ပုဂ္ဂိုလ်ဆိုင်ရာအချက်အလက်များကိုစုဆောင်းနေပါသည်။ ဆုရထားသောပေးသွင်းသူများ၊ ဝန်ဆောင်မူကိုထောက်ပံ့ပေးသောသူများ၊ ကန်ထရိုက်တာများ၊ ကိုယ်စားလှယ်များနှင့် အထူးသဖြင့်မြန်မာနိုင်ငံတွင် ထိန်းသိမ်းရန်အပ်နှင်းထားသောအာဏာရှင်များ ကန့်သတ်ထားခြင်းမရှိဘဲပါဝင်ဖို့ရန် ရည်ရွယ်ပြီး တတိယပါတီဟုဆိုသောထိုအဖွဲ့များဆီသို့ ဤအချက်အလက်ကိုထုတ်ဖော်ပြောဖို့ရန်ဖြစ်ပါသည်။ ဝင်ခွင့်အနေဖြင့်ဤသတင်းကိုထောက်ခံပေးမှုအပေါ်အခြေအနေအရဖြစ်သည်။ ထောက်ခံပေးသူမာျးအတွက်ကြော်ငြာ်ခြင်းဈ ဈေးကွက်တင်ရောင်းချခြင်း၊ သုတေသနလုပ်ခြင်းနှင့် သတင်းဆောင်းပါးတိုများရေးနည်းအတွက် ၎င်းအချက်အလက်များကိုအသုံးပြုပါမည်။ ထို့အပြင်ပါဝင်သူများအနေဖြင့် ထောက်ခံအားပေးသူဆီသို့ opt တွက်မှု၊ ရရှိမှု၊ ပြုပြင်မွမ်းမံမှု (သို့) မှန်ကန်သော သတင်းအချက်အလက်ရရှိမှုအတွက် ရပါဆိုင်းမနေပဲ တိုက်ရိုက်ဆက်သွယ်သင့်သည်။ ဤပွဲတွင်ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့်၊ ပါဝင်သူ၏ ဆုံးဖြတ်ချက်၊ အခြေအနေနှင့်အချိန်ကာဘအရသေချာအောင်လုပ်ဆောင်ဖို့ရန်ပါဝင်သူများလက်ခံသဘောတူရမည်။